netZ Digital & CreativeQT-2026-005
PROPOSAL · DIGITAL MARKETING

Teaology App Launch

နဲ့ လစဉ် Digital Marketing Package
ဖုန်းကနေ ကြိုမှာ၊ တန်းမစီရ၊ ဝယ်တိုင်း ပွိုင့်စု

App Store နဲ့ Google Play ပေါ်ရောက်တဲ့နေ့ကစပြီး ၁၅ ရက် Launch Campaign
Prepared forTeaology
ချမ်းမြသာစည်၊ မန္တလေး
Proposal No.QT-2026-005
Date14.10.2026
Valid until21.10.2026

ဘေးတိုက် Swipe လုပ်ပြီး တစ်မျက်နှာချင်း ကြည့်ပါ

01ရည်မှန်းချက်

Campaign Objectives

01

App ဒေါင်းသူ၊ Member အသစ် တိုးစေရန်

App Store နဲ့ Google Play ပေါ်ရောက်တဲ့နေ့ကစပြီး Teaology ဖောက်သည်တွေ App ဒေါင်းပြီး Member ဝင်လာအောင်

02

ကြိုမှာတဲ့ အလေ့အထ ဖြစ်လာစေရန်

ဆိုင်မှာ တန်းစီစောင့်မယ့်အစား ဖုန်းကနေ ကြိုမှာ၊ Noti ရောက်မှ လာယူတဲ့ အလေ့အထ ဖြစ်လာအောင်

03

ပြန်လာဝယ်နှုန်း မြှင့်တင်ရန်

ဝယ်တိုင်း ပွိုင့်ရ၊ ပွိုင့်စုပြီး လက်ဆောင်လဲတဲ့ Loyalty အစီအစဉ်နဲ့ ဖောက်သည်တွေ ထပ်ခါထပ်ခါ ပြန်လာအောင်

02netZ နဲ့ဆိုရင် ဘာကွာလဲ

Why netZ

1

App ကို netZ ကိုယ်တိုင် တည်ဆောက်ထားတယ်

App နဲ့ Marketing ကို အဖွဲ့တစ်ဖွဲ့တည်းက ကိုင်လို့ App ထဲက Feature တိုင်းကို Post နဲ့ မှန်မှန်ကန်ကန် ချိတ်ပြီး ပြနိုင်တယ်။

2

လစဉ် Report မှာ တကယ့် ကိန်းဂဏန်း

Like နဲ့ Reach တင်မကဘဲ App ထဲ Member အသစ် ဘယ်နှယောက် ဝင်လဲ၊ App Order ဘယ်နှခု ရလဲကို ဆိုင် App ထဲက Data နဲ့ ပြပေးမယ်။

3

Member တွေရဲ့ ဖုန်းထဲ တိုက်ရိုက် ရောက်တယ် Premium

Facebook တင်ရုံမက App Notification နဲ့ မွေးနေ့လ၊ ပွဲတော် Campaign တွေကို Member တွေဆီ တိုက်ရိုက် ပို့ပေးနိုင်တယ်။

03App Launch Campaign

Order Ahead, Skip the Line & Earn Points

ဖုန်းကနေ ကြိုမှာ၊ တန်းမစီရ၊ ဝယ်တိုင်း ပွိုင့်စု

11Content
15ရက်အတွင်း
2Facebook · TikTok
01Main Launch Poster4:5 Post
02Launch Story9:16 Story
03Customize Your Drink4:5 Post
04Points & Rewards4:5 Post
05Ready Notification4:5 Post
06Download Promo4:5 Post
07Member QR at Counter4:5 Photo
08How-to Carousel4:5 × 5
09Menu Flat Lay4:5 Post
10Facebook Page Cover16:9 Cover
11Reel / TikTok Video9:16 · 8s

ရက် ၁ = Teaology App က App Store နဲ့ Google Play ပေါ် ရောက်တဲ့နေ့။ နောက်စာမျက်နှာတွေမှာ Post တစ်ခုချင်းစီရဲ့ Design နဲ့ Caption ပါပါတယ်။

01Main Launch Poster

ပင်မ မိတ်ဆက် Post

Post 01 design: launch poster with cup, phone and store badges
4:5 · 1080 × 1350Facebook Post
CAPTION

🎉 ချစ်ရတဲ့ Teaology ပရိတ်သတ်ကြီးအတွက် သတင်းကောင်း! Teaology ရဲ့ တရားဝင် Mobile App (iOS & Android) အခုပဲ ထွက်ရှိလာပါပြီ 📱

ဆိုင်မှာ တန်းစီစောင့်စရာမလိုဘဲ ဖုန်းကနေ ကြိုမှာလို့ရပြီး၊ မှာတိုင်း ပွိုင့်စုပြီး လက်ဆောင်တွေ လဲယူနိုင်ပါပြီ။

• Order Ahead: ဖုန်းကနေ ကြိုမှာ၊ ဆိုင်ရောက်ရင် ယူရုံပဲ
• Earn Points: ဝယ်တိုင်း ပွိုင့်ရ
• Customize: အရွယ်၊ အချို၊ ရေခဲ ကိုယ်ကြိုက်ရွေး
• Instant Alerts: အဆင်သင့်ဖြစ်တာနဲ့ ဖုန်းထဲ Noti ရောက်

App Store နဲ့ Google Play မှာ "Teaology" လို့ ရှာပြီး ဒေါင်းလိုက်ပါ 📲 [Download Links]

#Teaology #TeaologyApp #Mandalay #YogurtPurpleRice #OrderAhead #EarnPoints

Design concept · Final မှာ Teaology Logo အစစ်နဲ့ App screen အစစ် သုံးပါမည်

02Launch Story

Story ပုံစံ · Link Sticker နဲ့

Post 02 design: vertical story with phone, cup and store badges
9:16 · 1080 × 1920Facebook Story · TikTok Story
ပုံထဲက စာDownload & Earn Points
Skip the line. Get rewarded.
Story စာဖုန်းကနေ ကြိုမှာ၊ တန်းစီစရာမလို၊ ဝယ်တိုင်း ပွိုင့်ရ 📱
Link Sticker"App ဒေါင်းရန် 📲"
Link သွားမယ့်နေရာApp Store / Google Play Download Link (ဖုန်းအမျိုးအစားအလိုက် တန်းဖွင့်ပေးမယ့် Smart Link)

Design concept · Final မှာ Teaology Logo အစစ်နဲ့ App screen အစစ် သုံးပါမည်

03Customize Your Drink

အရွယ်၊ အချို၊ ရေခဲ ကိုယ်တိုင်ရွေး

Post 03 design: hand holding phone at the shop counter, drink on the counter
4:5 · 1080 × 1350Facebook Post
CAPTION

ခွက်အရွယ်ကော၊ အချိုပမာဏပါ ကိုယ်ကြိုက်သလို ရွေးမှာမယ် 🥤

Teaology App ထဲမှာ ကြိုက်တဲ့ ဖျော်ရည်ကို -
✅ ခွက်အရွယ် (Purple Rice: 500ml / 700ml)
✅ အချိုအဆင့် (100% / 75% / 50% / 25% / 0%)
✅ ရေခဲ (ပုံမှန် / နည်းနည်း / မထည့်)
ကိုယ်တိုင် ချိန်ပြီး မှာလို့ရပါတယ်။

အော်ဒါတိုင်း Member Points လည်း ရမှာနော် 🌟 ဖုန်းလေးနှိပ်ပြီး ကြိုမှာထားလိုက်ပါ၊ ဆိုင်ရောက်ရင် အသင့်ယူရုံပဲ!

📥 Teaology App ဒေါင်းရန်: [Download Links]

#Teaology #CustomDrinks #OrderAhead #TeaologyApp #MandalayDrinks

Design concept · Final မှာ Teaology Logo အစစ်နဲ့ App screen အစစ် သုံးပါမည်

04Points & Rewards

ပွိုင့်စု၊ လက်ဆောင်လဲ

Post 04 design: phone with member points card next to a cup tied with a gold ribbon
4:5 · 1080 × 1350Facebook Post
CAPTION

ဝယ်တိုင်း ပွိုင့်ရ၊ ပွိုင့်စုပြီး လက်ဆောင် အခမဲ့ လဲယူမယ် 🎁 Teaology App Member တိုင်းအတွက် Loyalty Points အစီအစဉ် ပါဝင်လာပါပြီ။

💡 ပွိုင့်ဘယ်လို စုမလဲ?
၁။ App ကနေ မှာတဲ့ အော်ဒါ ပြီးတိုင်း ပွိုင့် အလိုအလျောက် ဝင်ပါမယ်။
၂။ ဆိုင်ကောင်တာမှာ ဝယ်ရင်လည်း ဖုန်းထဲက Member QR ပြပြီး ပွိုင့်စုနိုင်ပါတယ်။
၃။ ပွိုင့်စုမိရင် Yogurt Purple Rice အခမဲ့၊ French Fries အခမဲ့၊ 10% လျှော့စျေး စတဲ့ လက်ဆောင်တွေ လဲယူနိုင်ပါပြီ။

သောက်ရင်းနဲ့ ပွိုင့်စုဖို့ App ကို အခုပဲ ဒေါင်းလိုက်ပါ 📲

#Teaology #LoyaltyPoints #MemberRewards #TeaologyMandalay

Design concept · Final မှာ Teaology Logo အစစ်နဲ့ App screen အစစ် သုံးပါမည်

05Ready Notification

အဆင်သင့်ဖြစ်ရင် ဖုန်းထဲ Noti ရောက်

Post 05 design: phone on an office desk with an order ready notification
4:5 · 1080 × 1350Facebook Post
CAPTION

ဆိုင်မှာ တန်းစီစောင့်စရာ မလိုတော့ဘူးနော် ⏰

ရုံးမှာ အလုပ်လုပ်နေရင်းဖြစ်ဖြစ်၊ လမ်းသွားနေရင်းဖြစ်ဖြစ် Teaology App ကနေ ကြိုမှာထားလိုက်ပါ။

အဆင်သင့်ဖြစ်တာနဲ့ "ယူရန် အသင့်ဖြစ်ပါပြီ" ဆိုတဲ့ Noti ဖုန်းထဲ ချက်ချင်း ရောက်လာပါမယ် 🔔 Noti ရောက်မှ ဆိုင်ကို အေးအေးဆေးဆေး လာယူရုံပဲ။

📥 Teaology App ဒေါင်းရန်: [Download Links]

#Teaology #SmartOrdering #SkipTheWait #MandalayLife

Design concept · Final မှာ Teaology Logo အစစ်နဲ့ App screen အစစ် သုံးပါမည်

06Download Promo

App ဒေါင်းပြီး Welcome Points ယူ

Post 06 design: phone searching for the Teaology app with a welcome points badge
4:5 · 1080 × 1350Facebook PostPromotion အကြံပြုချက်
CAPTION

🎁 App ဒေါင်းပြီး Member ဝင်တာနဲ့ Welcome Points ၁၀၀ လက်ဆောင်!

Teaology Mobile App ထွက်ရှိခြင်း အထိမ်းအမှတ်အဖြစ် App ဒေါင်းပြီး အကောင့်ဖွင့်လိုက်တာနဲ့ ကြိုဆိုလက်ဆောင် Welcome Points ၁၀၀ ထည့်ပေးမယ် 🎉 ရလာတဲ့ ပွိုင့်တွေကို ဆက်စုပြီး လက်ဆောင်တွေနဲ့ လဲယူလိုက်ပါနော်။

📲 App Store (iPhone): [Link] · Google Play (Android): [Link]
(ကမ်းလှမ်းချက် ကာလအတွင်းသာ)

#TeaologyApp #WelcomePoints #DownloadNow #Mandalay

ဆိုင်က သဘောတူမှ စမယ့် Promotion ပါ။ ပွိုင့်အရေအတွက်နဲ့ ကာလကို ဆိုင်နဲ့ ညှိပြီးမှ တင်ပါမယ်။

Design concept · Final မှာ Teaology Logo အစစ်နဲ့ App screen အစစ် သုံးပါမည်

07Member QR at Counter

ဆိုင်မှာ QR ပြပြီး ပွိုင့်စု · Lifestyle ဓာတ်ပုံ

Post 07 design: customer shows member QR at the counter while staff hands over the drink
4:5 · 1080 × 1350Facebook Photo
CAPTION

ဆိုင်ကောင်တာရောက်ရင် ဖုန်းထဲက Member QR လေး ပြလိုက်ရုံပဲ 📱

ဆိုင်ကို ကိုယ်တိုင်လာဝယ်တဲ့အခါလည်း App ထဲက Member QR ကို ဝန်ထမ်းကို ပြပြီး Scan ဖတ်လိုက်တာနဲ့ ပွိုင့်တွေ ကိုယ့်အကောင့်ထဲ တန်းဝင်ပါမယ်။

ဝယ်တိုင်း ပွိုင့်စုဖို့ မမေ့နဲ့နော်! ပွိုင့်စုမိရင် ကြိုက်တဲ့ လက်ဆောင်တွေ လဲယူနိုင်မှာမို့ အခုပဲ Member ဝင်ထားလိုက်ပါ 🌟

📍 Teaology · ချမ်းမြသာစည်၊ မန္တလေး

#Teaology #MemberQR #CollectPoints #TeaologyCounter

Design concept · Final ဓာတ်ပုံကို Teaology ဆိုင်ထဲမှာ တကယ်ရိုက်ပါမည်

08How-to Carousel

ပုံ ၅ ပုံတွဲ · ၄ ဆင့်နဲ့ App သုံးနည်း

4:5 × 5 slidesFacebook Carousel
Carousel slide 1: cover
မျက်နှာဖုံး: App နဲ့ ပွိုင့်စုပြီး လက်ဆောင်ယူနည်း
Carousel slide 2: download the app
၁။ App Store / Google Play က ဒေါင်းပြီး Member ဝင်
Carousel slide 3: order and customize
၂။ ဖျော်ရည်ရွေး၊ အရွယ်နဲ့ အချို ချိန်ပြီး ကြိုမှာ
Carousel slide 4: pickup notification
၃။ အဆင်သင့်ဖြစ်ရင် ဖုန်းထဲ Noti ရောက်
Carousel slide 5: show QR and earn rewards
၄။ ဆိုင်မှာ QR ပြပြီး ယူ၊ ပွိုင့်စု၊ လက်ဆောင်လဲ
CAPTION

Teaology App နဲ့ ပွိုင့်စုပြီး လက်ဆောင်ယူဖို့ လွယ်ကူတဲ့ ၄ ဆင့်! ➡️ ဘေးဆွဲကြည့်ပါ 📲

#TeaologyGuide #HowToOrder #TeaologyApp

Design concept · Final မှာ Teaology Logo အစစ်နဲ့ App screen အစစ် သုံးပါမည်

09Menu Flat Lay

ဖျော်ရည်နဲ့ Korean Food မီနူးစုံ

Post 09 design: flat lay of Teaology drinks, bibimbap and fried chicken around a phone
4:5 · 1080 × 1350Facebook Post
CAPTION

ပယောက်ဆန်ဒိန်ချဉ်၊ ဖျော်ရည်နဲ့ Korean Food တွေ... App တစ်ခုတည်းမှာ အကုန်ရပြီ! 🥤

Teaology ရဲ့ နာမည်ကြီး -
💜 Yogurt Purple Rice · 🥭 Mango Purple Rice
🥝 Kiwi Smoothie · 🍓 Strawberry Cream Cheese
🍊 Sunkist Juice တွေအပြင် Korean Bibimbap နဲ့ ကြက်ကြော်တွေကိုပါ App ကနေ ကြိုမှာလို့ရပါပြီ။

အစားရော သောက်စရာပါ မှာတိုင်း Member Points တိုးလာမှာမို့ အခုပဲ App ကနေ မှာလိုက်ပါနော် 😋

#TeaologyMenu #KoreanFood #YogurtPurpleRice #TeaologyApp

Design concept · Final ကို ဆိုင်ရဲ့ တကယ့် အစားအသောက်နဲ့ ရိုက်ပါမည်

10Facebook Page Cover

Page Cover + Pinned Post

Post 10 design: wide Facebook cover with headline, store badges, phone and cup
16:9 · Facebook Page Cover
PINNED POST

ဖုန်းကနေ ကြိုမှာ၊ ဆိုင်ရောက်ရင် အသင့်ယူ၊ ဝယ်တိုင်း ပွိုင့်စု! 📱

Teaology Official Mobile App ကို App Store နဲ့ Google Play မှာ အခမဲ့ ဒေါင်းလို့ရပါပြီ။

📥 Download: [Smart Link]
📍 ချမ်းမြသာစည်၊ မန္တလေး

Facebook က Cover ရဲ့ အပေါ်အောက်နဲ့ ဘေးကို ဖြတ်ပြတတ်လို့ စာနဲ့ Logo ကို အလယ်မှာပဲ ထားပါမယ်။

11Reel / TikTok Video

၈ စက္ကန့် · ဗီဒီယို Script

9:16 · Facebook Reel · TikTok
SHOT 1 · 0–2s

ဖုန်းကနေ မှာ

ကောင်မလေးတစ်ယောက် ရုံးမှာ Teaology App ကို ဖွင့်၊ ကြိုက်တဲ့ ဖျော်ရည် ရွေးပြီး ပြုံးပြုံးလေး Order တင်ပုံ

SHOT 2 · 2–5s

ဆိုင်မှာ ဖျော်

ဝန်ထမ်းက ခွက်ထဲ ဒိန်ချဉ်နဲ့ ပယောက်ဆန်တွေ လှလှပပ ထည့်နေတဲ့ Close-up

SHOT 3 · 5–8s

QR ပြ၊ ယူ၊ သောက်

ကောင်မလေး ဆိုင်ရောက်၊ Member QR ပြပြီး ခွက်ယူကာ ပထမဆုံး တစ်ငုံ အရသာခံပုံ

MusicUpbeat Lo-fi / Pop Acoustic
အဆုံးသတ် စာTeaology Mobile App · App Store နဲ့ Google Play မှာ အခုပဲ ဒေါင်းပါ
CaptionApp ကနေ ကြိုမှာ၊ ဆိုင်မှာ အသင့်လာယူ၊ ဝယ်တိုင်း ပွိုင့်စု 📱 #Teaology #Reel

ဗီဒီယိုကို Teaology ဆိုင်ထဲမှာ တကယ်ရိုက်ပါမည်

04တင်မယ့် အစီအစဉ်

Publishing Schedule · ၁၅ ရက်

ရက် ၁ · Launch

10 Cover · 01 Poster · 02 Story

ရက် ၂

06 Download Promo

ရက် ၃

08 How-to Carousel

ရက် ၅

03 Customize Your Drink

ရက် ၇

04 Points & Rewards

ရက် ၉

05 Ready Notification

ရက် ၁၁

07 Member QR at Counter

ရက် ၁၃

09 Menu Flat Lay

ရက် ၁၅

11 Reel / TikTok Video

ရက် ၁ = Teaology App က App Store နဲ့ Google Play ပေါ် ရောက်တဲ့နေ့။ Campaign ပြီးရင် ဆိုင်က ရွေးထားတဲ့ လစဉ် Package နဲ့ ဆက်တင်ပါမယ်။

05လစဉ် Package

Monthly Packages (MMK) · ၃ မျိုး

Basic
800,000Ks / လ
Facebook Page
Post ၁၂ ခု (Design + Caption)
Story ၈ ခု
လစဉ် Content Calendar
Standardအကြံပြု
1,500,000Ks / လ
Facebook + TikTok
Post ၁၆ ခု၊ Story ၈ ခု
TikTok / Reel Video ၄ ခု
Comment ပြန်ဖြေပေး
လစဉ် Content Calendar
လစဉ် Report (App Member အသစ်၊ App Order)
Premium
2,500,000Ks / လ
Facebook + TikTok + Ads
Post ၂၀၊ Story ၁၂ ခု
TikTok / Reel Video ၈ ခု
Comment ပြန်ဖြေပေး
Facebook Ads Run ပေး
လစဉ် Campaign + App Notification
လစဉ် Content Calendar နဲ့ Report
ကြော်ငြာခ (Facebook Boost budget) က Package ဈေးထဲ မပါပါ · အနည်းဆုံး ၃ လ

06စည်းကမ်းချက်များ

Terms

Paymentလစဉ် လဆန်း ၅ ရက်အတွင်း ကြိုတင်ပေးချေ
Termအနည်းဆုံး ၃ လ၊ ပြီးရင် လစဉ် ဆက်သွားနိုင်
Ad budgetFacebook Boost budget ကို ဆိုင်က သီးသန့်ပေးချေ (Package ဈေးထဲ မပါ)
RevisionPost တစ်ခုလျှင် ပြင်ဆင်မှု ၂ ကြိမ်
ApprovalDraft ပို့ပြီး ၂၄ နာရီအတွင်း အတည်ပြု
Not includedကြော်ငြာခ၊ Model / Influencer ခ၊ ပုံနှိပ်စရိတ်
From TeaologyFacebook Page နဲ့ TikTok Admin ခွင့်၊ ရိုက်ကူးဖို့ ပစ္စည်းနဲ့ အချိန်၊ App Download Link
DesignFinal ပုံတွေမှာ Teaology Logo အစစ်၊ App screen အစစ်နဲ့ ဆိုင်ရဲ့ တကယ့် ပစ္စည်းဓာတ်ပုံ သုံးပါမည်
Validityဒီ Proposal က 21.10.2026 အထိ သက်တမ်းရှိပါသည်

Next Steps

နောက်တစ်ဆင့်

1
Package ရွေးBasic · Standard · Premium
2
လက်မှတ်ထိုးပြီး ပထမလ ပေးချေလစဉ် လဆန်း ၅ ရက်အတွင်း
3
Launch Campaign စApp Store ပေါ်ရောက်တဲ့နေ့
Prepared bynetZ Digital & CreativeName & signature · Date
Accepted byTeaologyName & signature · Date

netZ Digital & Creative · 58(A) Street, 111x111(A), Chan Aye Thar San, Mandalay. · 09 445 199 129 · 09 671 392 418 · digitalmarketing.fg23@gmail.com · www.netzmm.com